(မေတ္တာမပို့ခင် ရှေးအဘို့ကကြိုတင်ပြည့်စုံရမည့်တရား)
၁။ | ကောင်းမြတ်သောအရာတို့ကို ကျင့်ခြင်းငှါ စွမ်းနိုင်ရမည်။ |
၂။ | ဖြောင့်မတ်သောအကျင့်တရားရှိရမည်။ |
၃။ | တရံတခါမျှ ကွေ့ကောက်ခြင်းမရှိဘဲ ကောင်းကောင်းကြီး ဖြောင့်မတ်ရမည်။ |
၎။ | ပညာရှိတို့ ကောင်းစွာ ဆုံးမလွယ်သူ ဖြစ်ရမည်။ |
၅။ | ကောင်းမြတ်သောအရာတို့၌ နူးညံ့ပြော့ပျောင်းသောသူ ဖြစ်ရမည်။ |
၆။ | မာန်မာန တက်ကြွခြင်း မရှိစေရ။ |
၇။ | မိမိမှာ ထင်ရှားရရှိသော ပစ္စည်းဖြင့်သာ ရောင့်ရဲတင်းတိမ် ကျေနပ်သောသူ ဖြစ်ရမည်။ |
၈။ | သူတပါးတို့ စောင့်ရှောက်မွေးမြူရန်(ပြုစုရန်) လွယ်ကူသောသူ (ကြေးမများသူ) ဖြစ်ရမည်။ |
၉။ | ကျင့်ဝတ်တရားအတွက် မလိုလားအပ်သည့် အပိုကိစ္စများ နည်းပါးသောသူ ဖြစ်ရမည်။ |
၁၀။ | ပေါ့ပါးလွယ်ကူသော အသက်မွေးခြင်းရှိသူ ဖြစ်ရမည်။ |
၁၁။ | ငြိမ်သက်တည်ကြည်သော ဣနြေ္ဒရှိသူ ဖြစ်ရမည်။ |
၁၂။ | အပြစ်ကင်းသောအရာတို့၌ ရင့်ကျက်သော=ကောင်းစွာသိမြင်ကျွမ်းကျင်လိမ္မာသော ဥာဏ်ပညာရှိသူ ဖြစ်ရမည်။ |
၁၃။ | ကိုယ် နှုတ် နှလုံး သုံးပါးလုံး ကြမ်းကြုတ်ခြင်း မရှိစေရ။ |
၁၄။ | ဒါယကာ၊ဒါယိကာမတို့အပေါ်မှာ(ရဟန်းတော်များအတွက်ဆိုလိုသည်) တွယ်တာကပ်ငြိခြင်း မရှိစေရ။ |
(လူပုဂ္ဂိုလ်များအတွက်ဆိုလျှင်- အပေါင်းအသင်း မိတ်ဆွေများအပေါ်မှာ တွယ်တာကပ်ငြိခြင်း မရှိစေရ။ | |
၁၅။ | ပညာရှိများ စွပ်စွဲကဲ့ရဲ့မည့် အရာမှန်လျှင် တစုံတရာ အနည်းငယ်ကိုမျှ မပြုကျင့်ရ။ |